ဖျက်သိမ်းရမယ့် တွက်ချက်
22-Feb-2018ကင်ဆာဖြင့် ဆေးရုံတက်နေရသော မိခင်ထံမှ ပြန်လာသော ဇနီးအား ခင်ပွန်းက
“ မိန်းမရေ .. မင်းအမေရောဂါအခြေအနေကော ”
“ မသက်သာပါဘူး ယောကျ်ားရယ် ဒါကြောင့်မှာစရာရှိတာလေးတွေ မှာကြားနေတာ နားထောင်နေရလို့ အပြန်နောက်ကျသွားတာ ”
“ ဘာလဲ တကယ်လို့ဆုံးပါးသွားရင် ဒီတိုက်နဲ့ ခြံကြီးမှာ သေတစ်ပန်သက်တဆုံး လိမ်လိမ်မာမာနေခဲ့ကြဖို့လား ”
“ ဟုတ်ဘူး သူ့ဆေးကုခ အကြွေးတွေအတွက် စိတ်မဆင်းရဲကြနဲ့ ဒီခြံနဲ့ တိုက်ကိုရောင်းပြီး ဆပ်လိုက်ရင် ကျေပါတယ်တဲ့ ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်